Monday 2 December 2013

3D စာလုံးလှလှလေးများပြုလုပ်နည်း

3D စာလုံးလေးတွေ ဖန်တီးချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဝင်ပြီး မိမိတို့ရဲ့ နာမည်လေးတွေကို ကျနော် ပုံမှာ ပြထားတဲ့အတိုင်း ဖန်တီးယူလို့ ရသွားမှာ ဖြစ်ပါတယ်..။ အားနည်းချက် တခုကတော့ မြန်မာလို အသုံးပြုလို့ မရပါဘူး..။ အင်္ဂလိပ်လိုနဲ့ပဲ အဆင်ပြေပါတယ်..။

မူရင်းဆိုဒ် - မူလ စာမျက်နှာသို့..
အောက်ကလင့်တွေကလည်း အပေါ်ကနဲ့ ဆိုဒ်တခုထဲပါပဲ..။ 3D စာလုံးတွေကို ဖန်တီးဖို့ အပေါ်က လင့်မှာ လိုက်ရှာစရာ မလိုအောင်လို့ အောက်ကလင့်တွေကနေ အလွယ်ဝင်သွားလို့ ရပါတယ်..။ 
မူလစာမျက်နှာ မှာတော့ အောက်ကအတိုင်း မြင်ရမှာပါ..။ မိမိတို့ အသုံးပြုလိုတဲ့ စာလုံး ဒီဇိုင်းတွေကို ရှာပြီး တချက်ကလစ်လိုက်ရင် နောက်ထပ်စာမျက်နှာမှာ စာလုံးတွေ ဖန်တီးဖို့ အဆင်သင့် ဖရိန်တွေ ပေါ်နေပါပြီ..။

အောက်မှာ ပြထားတဲ့ ပုံတွေအတိုင်း မိမိတို့ ဖန်တီးလိုတဲ့ ဒီဇိုင်းတွေကို တချက်စီ နှိပ်သွားလိုက်ယုံပါပဲ..။
Text နေရာမှာ နာမည်ရေးပြီး အောက်ကဝိုင်းပြထားတဲ့ နေရာတွေမှာ ပြုပြင်ပေးလို့ ရပါတယ်..။ ကျနော်ကတော့ ဘာမှ မပြင်ပါဘူး..။ ကျနော့် နာမည်ရေးပြီး သူပေးထားတဲ့ အတိုင်းပဲ လုပ်သွားလိုက်ပါတယ်..။
အပေါ်ပုံမှာ အောက်ဆုံးက အဝိုင်းကတော့ Font ရွေးပေးရင် ရပါပြီ..။ အောက်ကပုံမှာ ပြထားတာကတော့ မိမိအသုံးပြုမယ့် စာလုံးရဲ့ နောက်ခံ အရောင်ကို ရွေးပေးဖို့ပါ..။ နောက်ခံ အဖြူရောင် မသုံးချင်တဲ့ သူများကတော့ အောက်ကပုံအတိုင်း နောက်ခံအရောင်တွေကို ရွေးယူလို့ ရပါတယ်..။
အပေါ်ပုံအတိုင်း ပြင်ဆင်ပြီးသွားရင်တော့ Calculate Effect ကို နှိပ်ပေးလိုက်ရင် ခဏနေကြာတဲ့အခါ အောက်ကပုံအတိုင်း ကျနော် ရွေးယူထားတဲ့ စာလုံး ဒီဇိုင်းတခု ပေါ်လာပါပြီ..။ အဲ့ဒါကို အောက်ဆုံးမှာ ပြထားတဲ့ ပုံလေးတွေ အတိုင်း Save လိုက်ရင် မိမိတို့ရဲ့ ကွန်ပျူတာထဲကို ရောက်လာပါပြီ..။
ပုံပေါ်မှာ Right Click >> Save image as ကို နှိပ်လိုက်ပါ..။ အောက်ကပုံအတိုင်း ပုံသိမ်းဖို့ နေရာပေးပြီး Save ကိုနှိပ်လိုက်ရင် ဒီစာလုံး ဒီဇိုင်းပုံလေးကို ရသွားပါပြီ..။ အားလုံးပဲ 3D Text စာလုံးလေးတွေ ဖန်တီးရင်း ပျော်ရွှင်နိုင်ကြပါစေဗျာ..။
မှ.... လွင်မင်းဘိုဆိုဒ်...

Sunday 1 December 2013

gtalk မှာ offline လုပ်ပြီးချက်နည်း

ပထမဆုံးအနေနဲ. ဒီလင့်လေးဆီသွားလိုက်ပါ
http://talkgadget.google.com/talkgadget/popout

အဲဒီမှာ အရင်ဆုံး Signin ကို နှိပ်လိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်း Gtalk က Username နဲ့ Password ကိုရိုက်လိုက်ပါ။ ဒါဆိုရင် စလို့ ရပါပြီ… သူငယ်ချင်းတို့ရဲ့ မိတ်ဆွေတွေကို Gtalk မှာလိုပဲ တွေ့ရမယ်။ ဒါပေမယ့် ပုံမှန် Gtalk နဲ့ တော့ အကုန်မတူဘူးနော်။ သူက တစ်မျိုးလေး… အဲဒီအထဲကို ရောက်ရောက် ချင်း Gtalk အတိုင်းပဲ Online မှာရှိနေတဲ့ ကိုယ့်သူငယ်ချင်းတွေကို အပေါ်ဆုံးမှာ တွေ့ရမယ်။ အခု အတိုင်း ဆို သူတို့ကလည်း ကိုယ့်ကို Gtalk မှာ Online အနေနဲ့ ပုံမှန်အတိုင်း မြင်ရမယ်…. ပြောချင်တဲ့ သူကို ကလစ်နှိပ်ပြီး ပြောကြည့်ပါ။ပုံမှန် Gtalk အတိုင်းပဲ…. သူကတော့ သူငယ်ချင်းတစ်ယောက်ကို စကားပြောဖို့ ကလစ်နှိပ်လိုက်ရင်ပုံမှန် Gtalk ကလို Window တစ်ခု အနေနဲ့တော့ ထွက်မလာဘူး။ 
Tab တစ်ခုအနေနဲ့ Contacts ရဲ့ဘေးမှာ ကိုယ်ပြောမယ့် သူငယ်ချင်းရဲ့ နာမည်နဲ့ ထွက်လာမယ်…ကဲ အခုစပြောတော့မှာက သူငယ် ချင်း တို့ သိချင်နေတဲ့ ကိုယ့်ကို သူများမမြင်အောင်
offline လုပ်ကြမယ်ဆိုတဲ့ အကြောင်းလေ… အရင်ဆုံး Gtalk မှာ Singout လုပ်ဖို့သွားတဲ့ မြှားလေးကို မှတ်မိတယ်နော်။ အဲဒါက Contacts ရဲ့ အောက်မှာရှိတယ်… အဲဒီံ မြှားကလေး ကို ကလစ်နှိပ်လိုက်ပါ။ ပြီးရင် အောက်ဆုံးနားက invisible ကိုရွေးပေးပါ… ဒါဆိုရင် ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို မမြင် ရတော့ဘူး။ ကိုယ်က သူတို့ဆီမှာ offline ဖြစ်သွားပြီ… ကိုယ်ကသာ သူတို့ကို မြင်နေရမယ်… ကိုယ်က offline ပုံစံဖြစ်နေပေမယ့် သူတို့ကို စကားသွားပြောလို့ ရတယ်နော်… သူတို့ဆီမှာတော့ ကိုယ်က offline ကြီးနဲ့ စကားတွေပြောနေတာပေါ့…
ကဲ စမ်းသပ် ကြည့်လိုက်ကြပါ…

Thursday 3 October 2013

ကွန်ပျူတာတွေ အတွက် မြန်မာဖောင့် မျိုးစုံ

ကိုယ့်ရဲ့ ကွန်ပျူတာကို window အသစ်တင်တော့မယ်ဆိုရင် မြန်မာဖောင့်တွေကို သုံးနိုင်ဖို.အတွက်
လိုအပ်တဲ့မြန်မာဖောင့် တွေကို အလွယ်တကူ ရနိုင်ဖို.ဆိုရင် ဒီဟာလေးကိုသာ ဒေါင်းထားလိုက်ပါ။
မြန်မာဖောင့် မျိုးစုံပါ ပါတယ် ဒေါင်းပြီး ရလာတဲ့ RAR ဖိုင်ကိုဖြေပြီး အထဲမှာ ပါတဲ့ ဖောင့်တွေအကုန်
လုံးကို copy ( Ctrl+A ) လုပ်ပြီး control penal ထဲက fonts ဆိုတဲ့ ထဲမှာ သွားပြီး patse ထည့်ထားလိုက်ရုံနဲ. မြန်မာဖောင့်တွေအကုန်လုံးကိုသုံးနိုင်ပါပြီ။ လိုအပ်တဲ့သူတွေ အောက်က
Link မှာ ဒေါင်းလုပ်ယူနိုင်ပါတယ်။..............

                                                     ဒီနေရာ                       မှာဒေါင်းပါခင်ဗျာ။ အားလုံးအဆင်ပြေပါစေ။..
ဘအောင်...

Wednesday 2 October 2013

Android ဖုန်းတွင် patten လော့ကျတာကို ဘာဆော့ဝဲမှ မသုံးဘဲ ပြင်နည်း

မင်္ဂလာပါဒီနေ့ ကျွန်တော့် သူငယ်ချင်းများကို samsung galaxy ဖုန်းကို e-mail patten/password ကျရင်ဘယ်လိုလုပ်ရမယ်ဆိုတာလေးကိုပြောပြမှာဖြစ်ပါတယ်ခင်ဗျား။မသိသေးတဲ့ ကျွန်တော့် သူငယ်ချင်းတွေအတွက်ပါ။ပထမဆုံးအနေနဲ့  ဖုန်းကိုပါဝါပိတ်လိုက်ပါခင်ဗျာ။ ပြီးရင်ဖုန်းရဲ့ ဘက်ထရီကိုဖြုတ်လိုက်ပါ။ နေက်ပြီးဘက်ထရီကိုပြန်ထည့် ပြီး ဖုန်းကို ပါဝါခလုတ်ရယ် +အသံတိုးတဲ့ ခလုပ်-ရယ် + home ခလုပ်ရယ်သုံးခုကိုပြိုင်တူတွဲနိပ်ပြီးဖွင့် လိုက်ပါ။  samsung galaxy  logo ပေါ်လိုက်ရင်လွတ်လိုက်ပါ။ပြီးရင်အောက်ကပုံကအတိုင်း ၃ ခုမြောက်စာကြောင်းဖြစ်တဲ့ wipe data factory reset ကိုအသံတိုးတဲ့ ခလုပ်နဲ့ အောက်ရောက်အောင်ဆွဲချပါ။ပြီးရင် home button ကိုနိုပ်လိုက်ပါ

ဒီအဆင့် မှာတော့  yes delete all user ဆိုတဲ့ စာကြောင်းရောက်အောင် အသံတိုးတဲ့ ခလုပ်နဲ့ ဆွဲချလိုက်ပါ။ပြီးရင် home button ကိုနိပ်လိုက်ပါ။
ဒီအဆင့် မှာတော့ အပေါ်ဆုံးကစာကြောင်းဖြစ်တဲ့  reboot system now ဆိုတဲ့ စာ ကို home button နဲ့ ရွေးလိုက်ပါပြီးရင်ခဏစောင့် လိုက်ပါ။
အိုကေပြီးရင်စက်ရုပ်ပုံလေးဒီလိုပေါ်လာပါလိမ့် မယ် အဲဒီစက်ရုပ်ကလေးကိုလက်နဲ့ ထောက်လိုက်ပါ
ပြီးရင်အောက်ကပုံမှာစာတွေအများကြီးအောက်မှာ လေးထောင့် အကွက်လေးပေါ်လာပါလိမ့် မယ် အဲဒီအလယ်ကလေးထောင့် အကွက်လေးကိုနိပ်လိုက်ပါ။
ပြီးရင်အောက်ကပုံအတိုင်း အမှန်လေးခြစ်ပြီးတစ်ခုတည်းသောလေးထောက်အကွက်လေးကိုဆက်တိုက်နိပ်သွားပါဒါဆိုအိုကေသွားပါ
ကဲအားလုံးအဆင်ပြေသွားပါပြီဗွီဒီယိုလင့် လေးပါတင်ပေးလိုက်ပါတယ်လက်တွေ့ ကြည့် လို့ ရအောင်ပါ။
WATCH HERE
( ပုသိမ်သားလေး စိုင်းသူ နည်းပညာမျှဝေခြင်း ) မှ ကူးယူဖော်ပြသည်။

Tuesday 1 October 2013

Android ဖုန်းမှ gmail. အကောင့်ဖွင့်နည်း

 ကွန်ပျူတာပေါ်ကနေ Gmail Account ဖွင့်လို့မရတဲ့ သူငယ်ချင်းတွေ မိမိတို့ရဲ့ Android ဖုန်းပေါ်ကနေတဆင့်  Gmail Account အလွယ်တကူဖွင့်လို့ရပါပြီ။Android ဖုန်းကိုသုံးပါ။Android က google ရဲ့ ကိုယ်ပိုင် OS ဖြစ်လို့

gmail service ကိုလည်းအလွယ်တကူသုံးလို့ရအောင် လုပ်ပေးထားပါတယ်။

(1) Android ဖုန်းမှာ setting ကိုသွားပါ ။
(2) Account and sync ကိုသွားပါ။
(3)add an account ကိုနှိပ်ပါ။
(4)Google ကိုရွေးပါ။ ( ဒီနေရာမှာ ကိုယ့်ဖုန်းထဲမှာ gmail application သွင်းပြီးသားရှိမှသာ google ဆိုတာပေါ်
နေမှာ။Android ဖုန်းတွေက gmail app အစကတည်းကပါလာပေမယ့် တစ်ချို့ တရုတ်ဖုန်းတွေနဲ့ custom roms
တွေမှာပါမလာတတ်ပါဘူး။
ဒါဆို gmail.apk နဲ့ GoogleServiceFrameworks.apk ဖိုင်တွေကို Google မှာအလွယ်တကူရှာဖွေပြီး download
လုပ်ပါ။ ,rootexplorer ကိုသုံးပြီး အဲ့ဒီ့ ဖိုင်၂ဖိုင်ကို system folderအောက်က app folder ထဲကိုကူးထည့်ပါ။Install လုပ်ပါ။ဖုန်းကို restart ချပါ။Gmail app ကိုသုံးလို့ရပါပြီ။ )

(5)ကိုယ်သုံးချင်တဲ့ နာမည်နဲ့ account name ကိုပေးပါ။ကိုယ်လိုချင်တဲ့နာမည်မရင် နောက်နာမည်အသစ်ရွေးပေါ့။ရခဲ့ရင် Next နှိပ်။
Add caption
(6)ကိုယ်ပေးချင်တဲ့ passwordကို ၂ခါဖြည့်ပါ။ပေးလိုက်တဲ့ passwordကိုသေချာမှတ်ထားပါ။မေ့သွားရင်ပြန်ယူ
ဖို့ခက်ခဲပါတယ်။

(7)Security Question က answer ကို ကိုယ်မှတ်မိမယ့်ဟာပေးပါ။password မေ့သွားလို့ gmail account ဝင်မရ
တော့ရင် ဒီ security question ကိုသုံးပြီးပြန်ယူရမှာပါ။


(8) human check အတွက် ပြထားတဲ့ စာလုံးတွေကို မှန်အောင်ဖြည့်ပေးပါ။

(9) I agree,next ကိုနှိပ်ပါ။

(10) Finish နှိပ်ပါ။

(11) Finish setup ကိုနှိပ်ပါ။
အကောင့်အသစ်ကိုစသုံးလို့ရသွားပါပြီ။လိုအပ်ရင်ဆန္ဒရှိသလောက် ဒီအတိုင်း gmail account ပေါင်းများစွာကို ဆက်ကာဆက်ကာ ကြိုက်သလောက်ဖွင့်လို့ရပါတယ်။
ကိုယ့်မှာ android ဖုန်းမရှိရင်တော့ ရှိတဲ့သူငယ်ချင်းတစ်ယောက်ယောက်ကို ဖွင့်ခိုင်းပေါ့။ဖုန်းမှာအင်တာနက်
ဖွင့်ထားဖို့တော့လိုပါမယ်။
Credit to :  Android လုလင်

Monday 30 September 2013

Driver Genius Professional Edition ဖြင့် Window Driver များကို back up လုပ်ခြင်း

ကျနော် Driver Genius Professional Edition နဲ့မိတ်ဆက်ပေးချင်ပါတယ်။  Driver Genius Professional Edition ရဲ့ Back up လုပ်နည်းလေးပြောရအောင်။

Back up လုပ်တယ်ဆိုတာ လက်ရှိမိမိသုံးနေတဲ့ ၀င်းဒိုးရဲ့Driverတွေကိုမပျောက်ပျက်အောင်ထိန်းသိမ်းထားတဲ့
သဘောပါပဲ။ ဥပမာ...မိမိကွန်ပျူတာဟာ တစ်စုံတစ်ခုပြဿနာဖြစ်လို့ Window ပြန်တင်ဖို့လိုတယ်ဆိုပါစို့။ အဲဒီ
ကွန်ပျူတာက DriverCD လဲမရှိ၊ Driver fileလဲ အရန်သင့်ရှိမနေဘူးဆိုရင် ဒီDriver Genius Professional Edition နဲ့ဖြေရှင်းဖို့အကြံပေးချင်တယ်။ ၀င်းဒိုးမချခင် ဒီဆော့ဝဲလ်ကိုမောင်းပြီး Driver ကို Back up လုပ်ထားရုံ
ပါပဲ။ Backup နဲ့ Restore, Backup နဲ့ Recovery တို့သည် အမြဲယှဉ်တွဲနေပါတယ်။

Driver Genius Professional Edition ရဲ့ compatible ဖြစ်နိုင်သော OS များအောက်အတိုင်းပါပဲ...

Operating System: Windows 98/98SE/ME/2000/XP/2003/Vista/XP x64/Server 2003 x64/Vista x64/Windows 7/Windows 7 x64/Windows Server 2008/Windows server 2008 x64

Driver Genius Professional Edition ရဲ့ Back up လုပ်နည်း

(၁) ထုံးစံအတိုင်း အင်စတောထည့်သွင်းလိုက်ပါ။ မခက်ပါဘူး ဆော့ဝဲလ်ရဲ့ညွန်ပြမှုအတိုင်း Next တွေကို နှိပ်လိုက်ရုံပါပဲ။

(၂) အင်စတောထည့်သွင်းမှုပြီးတာနဲ့ အောက်ပါအတိုင်း Start Scan နဲ့အတူ Screenshot ပုံတွေ့ရမှာပါ။ Driverကို Scan လုပ်ချင်ရင်တော့ Start Scanကိုနှိပ်။ မလုပ်ချင်ရင် ကြက်ခြေခတ် close ပေးပါ။ Screenshot ရဲ့ဘယ်ဖက်ခြမ်းမှာ Home, Backup, Restore,Update, Uninstall စသည်တွေ့နိုင်ပါတယ်။


(၃)မိမိလက်ရှိဝင်းဒိုး Driverရဲ့ Back up လုပ်ချင်ရင် ဘယ်ဖက်မှာ Backup Driver ကိုနှိပ်။ Collecting
Driver Information ဘောက်စ်ပေါလာမှာဖြစ်တယ်။


(၄) နောက်တစ်ဆင့်က Select the Drivers you want to bankup, မိမိ Backup လုပ်ချင်တဲ့ Driver
တွေကို ရွေးဖို့။ အောက်မှာ Currently Used Driver, Original Window Driver, Disconnected
Device Driver သုံးမျိုးလုံးကိုပဲ ရွေးချယ်ပါ။ အောက်မှာလဲ စုစုပေါင်းရွေးချယ်ထားတဲ့ Driver အရေအတွက်ကိုလဲပြထားပါတယ်။ ပြီးရင် Next ကိုပေး။


(၅)Backup Type and Backup Location, Backup file လုပ်မည့်အမျိုးအစား၊ Backup file သိမ်း
မည့်နေရာရွေးချယ်ဖို့ပါ။ ကျနော်က D:မှာပဲသိမ်းထားလိုက်တယ်။ ၀င်းဒိုးကို ဖေါမက်တစ်ခုလုံးချမယ်ဆိုရင် အခြား Extarnal Hard disk တစ်ခုခုမှာသိမ်းထားစေချင်တယ်။


(၆) ဒီအဆင့်က Backing up your existing Windows Driver Installation, လက်ရှိအသုံးပြုနေတဲ့
ဝင်းဒိုး Driver တွေကို Backup လုပ်နေတာဖြစ်ပါတယ်။


(၇) ကဲ...ဒါတော့ Completing the Backup Task, Backup လုပ်ဆောင်တာပြီးသွားပြီ။


ကျနော်က D: Drive မှာထားတယ်ဆိုတော့ အောက်ပါပုံအတိုင်း Driver Backup 12-142010 22945 ဖိုင်တစ်
ခုရလာမှာဖြစ်တယ်။


ဒါကတော့ Driver ကို Backup လုပ်နည်းလေးဖြစ်ပါတယ်။

Backup file ကို Restore ပြန်လုပ်နည်း

တစ်ဆက်တည်းမှာပဲ Backup လုပ်ထားတဲ့ဖိုင်ကို Restore ပြန်လုပ်ချင်ရင် ကျနော်နည်းနည်းလေးပြောပြလိုက်မယ်။
ဝင်းဒိုးအသစ်တင်ထားရင် ဒီဆော့ဝဲလ်ကိုပြန်ထည့်သွင်းပါ။ ပြီးတော့ Restore Drivers ကိုနှိပ်။ အောက်ကပုံကို
ကြည့်ပါ...


(၁) Restore Drivers from Previous Backups
(2) Browse my computer for Drivers Backups နှစ်မျိုးတွေ့နိုင်ပါတယ်။

(၁) Restore Drivers from Previous Backups သဘောက မိမိဝင်းဒိုးကို ဖေါမက်မချခင်တုန်းက Backup
file ကို သိမ်းထားတဲ့နေရာမှာပဲ (Backup file ကို အခြားတစ်နေရာသို့ မပြောင်းရွေ့ပဲ)Restore ပြန်လုပ်မယ်ဆို
ရင် Restore Drivers from Previous Backups ရွေးရပါမယ်။

(2) Browse my computer for Drivers Backups, ဆိုတာ မိမိ Backup File ကို အခြားတစ်နေရာ
သို့ပြောင်းရွေ့လိုက်မယ်၊ သဘောက D: ကနေ သိမ်းထားတဲ့ Backup File ကို အခြား Drive တစ်ခုကနေပြောင်း
ရွေ့လိုက်မယ်ဆိုရင် Restore ပြန်လုပ်လိုက်တဲ့အခါ Browse my computer for Drivers Backups ကို
ရွေးဖို့လိုပါလိမ့်မယ်။

ကျန်တဲ့အစိတ်အပိုင်းလွယ်သွားပြီးလေ ကိုယ့်ကိုပဲဆက်လုပ်ကြပါ။

+ဒေါင်းလုဒ်+

......     http://www.driver-soft.com/download.html# ...........

Driver Genius Professional Edition

စောလင်းနစ်မှဖေါ်ပြသည်

Sunday 29 September 2013

samsung ဖုန်းသုံးသူများအတွက် အသုံးဝင် ကုတ် နံပါတ်များ

Samsung မိုဘိုင်းဖုန်း user များအတွက် အသုံးဝင်မယ့် လျှို့ ဝှက်ကုဒ်နံပါတ် များကို ရှာဖွေ မျှဝေပေးလိုက်ရပါတယ်။

*#9125# : Smiley
*#9999# : Software Version

*#06# : IMEI Number
*#0001# : Serial Number

*#9998*523# : LCD Contrast
*#0228# or *#8999*228# : Battery Info

*#8999*636# : Display Storage Capacity
*#8999*778# : Display SIM Card Information

*#8999*782# : Show Date And Alarm Clock
*#8999*786# : The Display During Warning

*#8999*837# : Samsung Hardware Version
*#0523# - *#8999*523# : Display Contrast

*#8999*638# : Show Network Information
*#9998*246# : Battery Status- Memory Capacity

*#9998*324# - *#8999*324# : Debug Screen
*#9998*842# - *#8999*842# : Vibration Test

*#9998*289# - *#8999*289# : Alarm Beeper - Ringtone Test
*#8999*9266# : Display Received Channel Number And Received Intensity


*#8999*364# : Watchdog ON/OFF
*#8999*427# : WATCHDOG Signal Route Setup

*2767*3855# : Full Reset (Caution every stored data will be deleted.)
*2767*2878# : Custom Reset

*2767*927# : Wap Reset
*2767*226372# : Camera Reset (deletes photos)

*2767*688# : Reset Mobile TV
#7263867# : RAM Dump (On or Off)

#*4773# : Incremental Redundancy
#*7785# : Reset wake-up & RTK Timer Variables

#*7200# : Tone Generator Mute

#*3888# : BLUETOOTH Test Mode
#*7828# : Task Screen

#*2562# : Restarts Phone
#*2565# : No Blocking? General Defense.

#*3353# : General Defense, Code Erased.
#*3837# : Phone Hangs on White screen.

#*3849# : Restarts Phone
#*7337# : Restarts Phone (Resets Wap Settings)

#*2886# : Auto Answer ON/OFF
#*7288# : GPRS Detached/Attached

#*7287# : GPRS Attached
#*2077# : GPRS Switch

#*22671# : AMR REC START
#*22673# : Pause REC

#*22674# : Resume REC
#*22675# : AMR Playback

#*22676# : AMR Stop Play
#*22677# : Pause Play

#*22678# : Resume Play
#*77261# : PCM Rec Req

#*77262# : Stop PCM Rec
#*77263# : PCM Playback

#*77264# : PCM Stop Play
#*22679# : AMR Get Time

#*7666# : White Screen

#*7693# : Sleep Deactivate/Activate
#*2286# : Data Battery

#*2679# : Copycat Feature Active/Deactivate
#*3940# : External Loop-Test 9600 bps

#*4263# : Hands Free Mode Activate/Deactivate
#*2558# : Time ON

#*3941# : External Loop-Test 115200 bps
#*5176# : L1 Sleep

#*7462# : SIM Phase
#*7983# : Voltage/Freq

#*7986# : Voltage
#*8466# : Old Time

#*2255# : Call Failed

#*5376# : Delete All Sms!!!!
#*2337# : Permanent Registration Beep

#*2474# : Charging Duration
#*2834# : Audio Path (Hands-free)

#*3270# : DCS Support Activate/Deactivate
#*3282# : Data Activate/Deactivate

#*3476# : EGSM Activate/Deactivate
#*3676# : Format Flash Volume!!!

#*4760# : GSM Activate/Deactivate
#*4864# : White Screen

#*7326# : Accessory
#*7683# : Sleep Variable

#*3797# : Blinks 3D030300 In RED
#*7372# : Resetting The Time To DPB Variables

*#8999*667# : Debug Mode
*#92782# : Phone Model (Wap)

#*5737425# : JAVA Mode
*#2255# : Call List

*#232337# : Bluetooth MAC Address
*#5282837# : Java Version

*#8999*8376263# : All Versions Together
*#8999*8378# : Test Menu

*#4777*8665# : GPSR Tool
*#8999*523# : LCD Brightness

*#8999*377# : Error LOG Menu
*#8999*327# : EEP Menu

*7465625*228# : Active Lock ON
#7465625*228# : Active Lock OFF

*7465625*28638# : Auto Network Lock ON
#7465625*28638# : Auto Network Lock OFF

*7465625*28782# : Auto Subset Lock ON
#7465625*28782# : Auto Subset Lock OFF

*7465625*2877# : Auto SP Lock ON
#7465625*2877# : Auto SP Lock OFF

*7465625*2827# : Auto CP Lock ON
#7465625*2827# : Auto CP Lock OFF

*7465625*28746# : Auto SIM Lock ON
#7465625*28746# : Auto SIM Lock OFF

*#7465625# : Check the phone lock status
*7465625*638*Code# : Enables Network lock

#7465625*638*Code# : Disables Network lock
*7465625*782*Code# : Enables Subset lock

#7465625*782*Code# : Disables Subset lock
*7465625*77*Code# : Enables SP lock

#7465625*77*Code# : Disables SP lock
*7465625*27*Code# : Enables CP lock

#7465625*27*Code# : Disables CP lock
*7465625*746*Code# : Enables SIM lock

#7465625*746*Code# : Disables SIM lock


အချို့ ကုဒ်များ မှားယွင်းနိုင်သဖြင့် သတိထား အသုံးပြုရန် လိုအပ်ပါသည်။

Friday 20 September 2013

window error တွေဖြစ်ပြီး နှေးနေရင် မြန်အောင်လုပ်နည်း

Windows error တွေထဲကအရင်ဆုံး စက်တက်တာ ကြာတဲ့အကြောင်း ကနေစကြ ရအောင်




  စက်တက်တာမြန်ချင်တယ်ဆိုရင်တော့ start > run> msconfig ကနေ Boot tab က timeout 30 seconds ကနေ လျော့ပေးလိုက်ပါ ပြီးတော့ Boot screen တက်နေတာမကြိုက်ရင်ဒါမှမဟုတ်ဖြုတ်ထားချင်ရင်တော့ NoGUI Boot ကိုအမှန်ခြစ်ပေးထားလိုက်ပါပြီးရင်
Apply > Ok ပေါ့ ဒါဆိုခုဏ ကချိန်ထားပေးတဲ့ Timeout seconds အတွင်းမှာ Boot ကိုရအောင်တက်ပေးလိမ့်မယ်။

  အားသာချက်ရှိသလိုဆိုးကျိုးလဲရှိနေပါတယ် Boot time ကိုမြန်မြန်တက်ပေးပေမဲ့ Boot time မှာလုပ်နေကျ Test တွေကိုတော့ကျော်သွားမှာဖြစ်လို့ကြာရင် Files error တွေ Memory test error တွေကြုံလာနိုင်ပါတယ်
နောက်တစ်ခုကတော့ Startup tab ကအမှန်ခြစ်တွေ အကုန်ဖြုတ်ထား  လိုက်ပေါ့ဒါက အားလုံးသိပြီးသားပါ နောက် Windows ထဲမှာစက်ကိုလေးမနေစေချင်ရင်လည်း start> run > msconfig ကနေ Services tab ကဖြုတ်လို့ရတဲ့အမှန်ခြစ်တွေဖြုတ်ထားနိုင်ပါတယ် အလွယ်ဆုံးကတော့ ဘယ် services တွေ run နေလဲ ဘယ် services တွေ stopping ဖြစ်နေလဲဆိုတာကိုကြည့်လိုက်ပါ အဲ့ဒီထဲကမှ တချို့ stopping ဖြစ်နေတဲ့ services တွေကို ဖြုတ်ထားနိုင်ပါတယ် ပြီးတော့ Network သုံးနေလား မသုံးဘူးဆိုရင် network နဲ့ပက်သက်တာတွေအကုန်ဖြုတ်ထားနိုင်ပါတယ်
ဥပမာ
Network
မသုံးဘူးဆိုပါတော့
WLAN AutoConfig
WinHTTP Web Proxy Auto Discovery Services
WebClient
IPsec Policy Agent
Pear Name Resolution Protocol
Peer Networking Grouping
Peer Networking Identity Manager
Network Store Interface Service
Network Location Awareness
Network List Service
Network Connections
Netlogon
Network Access Protection Agent
TCP/IP NetBIOS Helper
Workstation
Server
IP Helper
Fax
Bluetooth Support Service
စတဲ့ Network နဲ့ပက်သက်သမျှတွေကိုအမှန်ခြစ်ဖြုတ်ထားရင် Windows ထဲမှာပေါ့နေစေပါလိမ့်မယ်၊ နောက်ထပ်စက်တက်ချိန်မြန်အောင်လုပ်နည်းကတော့ Windows အပိုင်းထဲက စက်တက်ရင်စအလုပ်လုပ်တဲ့Files လေးခုရှိတဲ့ autoexe.bat , config.sys , system.ini , msdos.sys ထဲက config.sys ကို Notepad နဲ့ဖွင့်ပါ ပြီးတော့ stacks=0,0 ပေးလိုက်ပါ၊နောက်ပြီး system.ini ရဲ့ [386enh] အောက်မှာ LocalLoadHigh=1 DMABufferSize=64 ပေးလိုက်ပါ နောက် msdos.sys မှာတော့ Logo=0 Drvspace=0 Dblspace=0 DisableLogo=1 AutoScan=0 ပေးထည့်လိုက်ပါ ဒါဆိုရင် စက်စတက်ချိန်မြန်လာစေနိုင်ပါတယ် စက်တက်တာမြန်အောင်လုပ်ပြီးတော့ စက်ပိတ်တာကိုကောမြန်အောင်လုပ်ကြဦးမလား ဒီအတွက်ကတော့ နောက်က ပါဝါကြိုးကိုဆွဲသာဖြုတ်လိုက်ဘာမှနှိပ်နေစရာတောင်မလိုဘူး နောက်တာပါ Desktop ပေါ်မှာ right click နှိပ်ပြီးတော့ new > shortcut ကိုသွားပါ ဘာအတွက်လဲမေးရင် shutdown ပေါ့ ဘယ်လိုထားမလဲမေးရင် shutdown-s-t0 ပေါ့ ပြီးရင် Ok ပေါ့ သူ့ကို့ click နှစ်ချက်နှိပ်လိုက်ရင် shutdown ကိုအမြန်ဆုံးချပေးပါလိမ့်မယ် အဲ့နည်းကနောက်ပိုင်း windows တွေမှာသုံးခွင့်မရှိတော့ဘူးဗျ ထပ်ပေးမယ်လေ shutdown.bat ဖိုင်တစ်ခုရေးလိုက်ပေါ့ notepad မှာ
@echo off
Shutdown-s-t 0 -c
ဆိုပြီးရေးလိုက် save
လုပ်ရင် shutdown.bat လို့ပေးလိုက် မြန်မြန်ပိတ်ချင်တဲ့အချိန်သူ့ကိ click နှစ်ချက်သာနှိပ်လိုက်ပွဲပြတ်ကော Windows ထဲမှာ Folder
Option
တွေ Task manager တွေပျောက်နေလို့ registry နဲ့ Group Policy ကနေခေါ်ဖွင့်ချင်တယ်ဆိုပါတော့ registry နဲ့ Group Policy ကောပိတ်နေရင်တော့ခေါ်ရမှာမဟုတ်တော့ပါဘူး အဲ့အတွက် run မှာ cmd ကိုရိုက်လိုက်ပါ cmd ကနေ ခေါ်လို့ရပါတယ် registry နဲ့ Group Policy တို့ကိုပါ။m အဲ့ run ပါပိတ်ထားရင်တော့ start menu က all programs ကနေ accessories > Command prompt ကနေ၀င်နိုင်ပါတယ်all programs ပါဖျောက်ထားရင်တော့ registryကို system32 အောက်ထဲက regedt32.exe ကနေတိုက်ရိုက်ခေါ် run လည်းရပါတယ်။


 
Windows logon , logoff sound
တွေကိုပြောင်းကြည့်မယ် Control panel ထဲက sound မှာ sounds
tab
ကိုဝင်ပြီးတော့ program event ဆိုတဲ့စာအောက် box ထဲမှာ Windows logon ကိုရှာပါ ပြီးရင် select
ပေးထားပြီးတော့ Browse ကနေကိုထည့်ချင်တဲ့သီချင်းသံကို Edit လုပ်ပြီးထည့်ထားလို့ရပါတယ် ဒီလိုပဲ Exit windows မှာလဲ ကြိုက်တဲ့သီချင်းကြိုက်တဲ့အသံကို ရွေးပေးထားလို့ရပါတယ် ကျွန်တော့်ဆီမှာတော့ Logon sound ကို Rဇာနည်ရဲ့အသံဗြဲကြီးနဲ့အော်ထားတဲ့မင်္ဂလာပါဆိုတဲ့အသံထည့်ထားပြီးတော့ Exit windows soundကို ကိုကျော်ဟိန်း ရဲ့ ဒိုးရတော့မယ်အချစ်ရေ အာဟ အာဟ ကိုထည့်ထားပါတယ်။
 
ထပ်ပေးချင်တဲ့အကြောင်းကတော့ အဖြစ်များတဲ့ Windows တက်မလာဘဲ NTLDR Missing ပြနေတဲ့ပြသနာပါ NTLDR က Windows စတက်ချိန်မှာခေါ်သုံးတဲ့ကောင်ပါ သူမပါရင်ပွဲမစည်ဘူးပြောရမှာပေါ့ Virus ကြောင့်ပဲဖြစ်ဖြစ် Windows error ကြောင့်ပဲဖြစ်ဖြစ် NTLDR ပျောက်နေရင်တော့အလွယ်ဆုံးနည်းလမ်းပြောပြလိုက်ပါမယ် စက်ရဲ့ ROM ထဲမှာ Windows installation အခွေထည့်ထားပါ Boot ကို ROM နဲ့တက်ပါ Windows Installation လမ်းစဉ်အတိုင်းပဲရွေးပေးရမဲ့နေရာရောက်ရင်တော Repir(R ) ကိုနှိပ်ပြီးရွေးလိုက်ပါနောက်ပြီးတော့ Repir command ထဲရောက်တော့မှ Windows ခွေထဲက NTLDR ကို copy ကူးပြီး စက်ထဲက Windows အောက်က system32 ထဲကိုထည့်ပေးပါ ပြီးရင် reset ပြန်ချလိုက်ပါ Boot ကို normal အတိုင်း Windows နဲ့တက်ကြည့်ပါ Windows ပြန်တက်လာပါလိမ့်မယ်။
ယူလာတဲ့ နေရာတော့မေ့သွားလို. ဆောရီးပါ :)

Monday 20 May 2013

ကိုယ့် ကွန်ပျူတာမှာ တင်ထားတဲ့ ဗိုင်းရပ်ဆော့ဝဲ အလုပ် လုပ် မလုပ် သိနိုင်ရန်

မိမိတို့ရဲ့စက်မှာ တင်ထားတဲ့ Antivirus ဟာ Virus တွေကို ကောင်းကောင်းစောင့်ကြည့်ပြီး ဖျက်ဆီးပေးနိုင်ရဲ့လား ဆိုတာစစ်ဆေးမယ့်နည်းလမ်းလေးပါ..ဘယ်လို စစ်ဆေးမလဲဆိုရင် Notepad ( window+R ကိုနှိပ်ပါ notepad ရေးထည့်ပါ)
နဲ့ Bat Files လေးတစ်ခုရေးပါမယ်..အရင်ဆုံး အောက်မှာပေးထားတဲ့ ကုဒ်တွေကို Notepad ထဲသို့ကူးထည့်
လိုက်ပါ.

X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*

Notepad ထဲသို့ကူးထည့်ပြီးပြီဆိုရင် virustest.bat ဆိုပြီး နာမည်ပေးကာ Desktop ပေါ်သို့ Save လုပ်ပါ
( virustest.bat လို့နာမည်ပေးရမှာနော်.. virustest.txt ဆိုပြီးနာမည်ပေးရမှာမဟုတ်ပါဘူး ) .. Save 
လုပ်ပြီးလို့ ခဏအတွင်းမှာဘဲ မိမိရဲ့ Antivirus ဟာ Desktop ပေါ်မှာ Save လုပ်ထားတဲ့ virustest.bat ဆိုတဲ့
ဖိုင်ကို Virus Files အဖြစ် သတိပေးပြီး သတ်ပစ်ခိုင်း / သတ်ပစ်ပါလိမ့်မယ်.(သတ်ပစ်တယ်ဆိုတာက save လုပ်မရဘဲပျောက်သွားတာပါ).ဒါဆိုရင်တော့ မိမိရဲ့ Antivirus
ဟာ ကောင်းကောင်းအလုပ်လုပ်တယ်လို့သတ်မှတ်နိုင်ပါတယ်..အားလုံးဘဲ ဗဟုသုတ တိုးပွားကြပါစေခင်မျာ... :-)

Tuesday 7 May 2013

Software မသုံးပဲ Computer ထဲက ပိုနေသော အမှိုက်များ ရှင်းနည်း

ကျနော်တို့ ကွန်ပျူတာထဲက အမှိုက်တွေကို ရှင်းတဲ့နည်းလမ်းတွေ အများကြီးထဲက ဒီတစ်နည်းကို အရင်ဖော်ပြလိုက်ပါတယ်..။ နေ့စဉ် မိမိတို့ ကွန်ပျူတာကို ဖွင့်သုံးနေသမျှ ကွန်ပျူတာထဲမှာ အမှိုက်တွေကလည်း များလာပါတယ်..။ ကြာလာတာနဲ့အမျှ အမှိုက်တွေများလာတော့ စက်က လေးလာပါတယ်..။ ဗိုင်းရပ်စ်ကြောင့်မဟုတ်ပဲ အမှိုက်ကြောင့်လည်း စက်လေးတတ်ပါတယ်..။ ဒါကြောင့် အမှိုက်တွေ နေ့စဉ်ရှင်းပေးသင့်ပါတယ်..။ နေ့စဉ် မလုပ်နိုင်ရင်တောင် တစ်ပါတ်တစ်ခါ၊ နှစ်ခါတော့ ပုံမှန်ရှင်းပေးသင့်ပါတယ်..။
အခုဒီနည်းလေးကလည်း ကျနော်အမြဲသုံးတဲ့ နည်းလေးမို့လို့ အရင်တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကတော့ ကီးဘုတ်ရှော့ကတ်ကီး Windows logo + R နဲ့ Run Box ကိုအရင်ဖွင့်ပါ..။ ပြီးရင်တော့ ဒီအောက်က စာသုံးကြောင်းကို တကြိမ်စီ ရိုက်ထည့်ရပါမယ်..။ တကြောင်းပြီးမှ တကြောင်း ရိုက်ထည့်ရမှာ ဖြစ်ပါတယ်..။ ပထမတကြောင်း %temp% ၊ ဒုတိယတကြောင်း prefetch ၊ တတိယတကြောင်း recent ဆိုပြီး တကြောင်းစီ ရိုက်ထည့်ပြီးတိုင်း OK သို့မဟုတ် Enter ခေါက်ပေးပါ..။ အောက်မှာပုံတွေ ကြည့်ပြီး  လိုက်လုပ်ကြည့်လိုက်ပါဗျာ... အဆင်ပြေပါစေ...
windows+R နဲ့ Run ဘောက်စ်ဖွင့်ပြီး ပထမစာကြောင်း %temp% ရိုက်ထည့်ပါ.. ပုံမှာဆက်ကြည့်လိုက်ပါ..။

ဒုတိယစာကြောင်း prefetch ကို Run Box တွင်ထပ်ရိုက်ထည့်ပါ..။ ပုံမှာဆက်ကြည့်လိုက်ပါဗျာ..


တတိယစာကြောင်း recent ကို Run Box တွင်ထပ်ရိုက်ထည့်ပါ


အပေါ်က စာသုံးကြောင်းနဲ့ အမှိုက်တွေ ရှင်းပြီးရင်တော့ အမှိုက်တွေအားလုံး Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးထဲကို ရောက်သွားပါပြီ..။ မပြီးသေးပါဘူး.. အမှိုက်တွေသွန်လိုက်ပါအုန်း.. အောက်ကပုံမှာ ပြထားတဲ့အတိုင်း ဆက်လုပ်လိုက်ပါ..
ဒီအဆင့်တွေအားလုံး ပြီးသွားရင်တော့ မိမိတို့စက်ထဲမှာ အမှိုက်တော်တော်များများ ရှင်းသွားပါပြီ.. နောက်ထပ် အမှိုက်ရှင်းတဲ့ နည်းလမ်းများ နောက်ပိုစ့်တွေမှာ ထပ်တင်သွားပါအုန်းမည်..။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ....
 
by; လွင်မင်းဗိုလ်