Monday, 21 November 2011

သင်းကွဲငှတ်တစ်ကောင်ရဲ့ ပုံပြင် ..

အမှန်အမှား ခွဲခြားမသိတဲ.အခါ
မထူးဇာတ်ခင်းသလိုမျိုး
ဘ၀ကို ကုန်းဆင်းလေးအတိုင်းလိမ်.ဆင်းခဲ.။

ဂီတာအိုလေးရေ
ဆောင်းညနှင်.အတူ မျက်နှာ သစ်လိုက်ပါလားကွာ
ဒီမှာလေ ညက လက်ကျန်ခွက်ပုန်း။
ဒို မီ ဆို မေဂျာ ကော. ကြား
ကီးကြောင်ကြောင်  ရှပ်(#) တွေဝင်လာတဲ.အခါ
သီဆိုရမယ်.တေးသွားက
ရေဆေးငါးကြီးတွေအကြောင်း။

သီအိုရီ တွေက ခါးထောက်မတ်တတ်
ကျနော.ကို ရပ်ကြည်.ကြ
ထူးဆန်းတဲ. ကဝေ အက မျိုးစုံနဲ.
၂၁ ရာစု ရဲ.မျက်နှာစာ ကို ခင်းကျင်းထားသလိုမျိုး
အမေရေ
သားနောက်ကျောဆီမှာလေ
ဓါး ဒဏ်ရာတေ၊ွ တွေ.ရဲ.မဟုတ်လား။

အိပ်မက်တွေထဲ
ဖိနပ်တွေခဏခဏပျောက်တဲ.
ဆောင်းညကိုရောက်ခဲ.ပြန်ပေါ.
ကောင်မလေးရယ်။

မီနူး ဖတ်မရတဲ. ငါ.နေ.ရက် ပြဿဒါးအောက်မှာ
အခါခါ လှဲကျ   ပြီးတော.ကိုယ်ထူကိုယ်ထ။

ငါကရွက်စိမ်းလေ၊
လေအဝှေ.မှာ လှုပ်ခါလှုပ်ကာနဲ.
ကမ်းမဲ.ဗေဒါလို မြှုပ်တခါ ပေါ်တလှည်.
သာယာတဲ.ကမ္ဘာကြီး၊ စိမ်းလှန်းတဲ.အနုပညာ
ငြိမ်းချမ်းခြင်း ကဗျာတွေက ကျုပ်ဟာကွယ်.။

ခေတ်ပျက်နေတဲ. ကာရန် တွေ လိုက်ကောက်ရင်း
ပြည်.စုံမှုမဲ. အခန်းကျဉ်းလေးထဲက
အဲဒိ ကဗျာဆရာကောင်ဟာ
နုတ်ခမ်းပဲ.ခြင်း မီးမမှုတ်တော.
ဦးနှောက်ကိုအငှားမချတော.
ဓါတ်ပုံရိုက်တိုင်း လက်နှစ်ချောင်းထောင်ပြတတ်တဲ.
ကောင်မလေးလိုမျိုး
ဘ၀ကို ငြိမ်းချမ်းမှု ပေးချင်ခဲ.သူ။

ဗလာတွေနဲ. ပြည်.နက်နေတဲ. ဒဿနကို ထုတ်ပိုးထားရင်
ကြာလာတော.
အပူသက်ပြင်းတွေဖြစ်လာမယ်။
အနေကြာလာတာနဲ. အမျှ
ငါ. နံနက်ခင်းတွေလဲ ဟောင်းနွမ်းခဲ.ပါပြီ။

လောကဓံ လဟာပြင်ကြီးမှာ
ပစ္စုပ္ပန်ကို မျက်စဉ်းခပ် ကြည်.မိတော.
လမ်းပေါ်မှာ ငါ တစ်ယောက်ထဲ သင်းကွဲ
မမြင်ရတဲ. ကြယ်တွေလို ဟိုးအဝေးတစ်နေရာမှာ
နီးလိုက် ဝေးလိုက် ထွက်လိုက် ၀င်လိုက်
ကျနော်က ငုတ်ကောင်
ထာဝရ ငုတ်နေတဲ.ကောင်ပေါ.။

မျက်လုံးပြူးပြူး အကောင်တွေကိုအလှဆင်ရင်း
ရောမ ကျင်.စင် တွေ
ဝက်သားမစားသူတွေနဲ.
တခဏတာ ပိုင်ဆိုင်မှု ခန္ဓာနဲ.
ဘ၀ကို အိတ်ထောင်လေးထဲထည်.ပြီး
တိတ်တိတ် ကလေး  လွမ်းနေတတ်သူလေ။

သံယောဇဉ်ဆိုတာ
သံကိုရောပြီး စဉ် ဆောက်ထားသလိုမျိုး
အနည်ကျ သက်ရင်.ကျောက်လိုဘ၀နဲ.
နှလုံးသားကို ချနင်း ကစားနေသူဟာ
ဒီ ကဗျာ ရေးတဲ.ကောင်ပေါ.။

ရင်နင်. စရာတွေ ပြည်.နက်လာတဲ.အခါ..........................

0 comments:

Post a Comment