Monday, 9 January 2012

ကြယ်ကြွေလင်္ကာ (တာရာမင်းဝေ)

ထိုသောညမှာ   နှင်းပြာအုပ်မိုး
အိပ်မက်ခိုးမျှင်  သခင်ဖြစ်၏ ။

ကြယ်စက်ညတွေ ပန်းရင်းကြွေသက်
မျက်ရည်ဝိုးဝင်း    အိပ်မက်လင်းပြာ
ငါ နမ်းမွှေးရှိုက်    ရင်ကိုခိုက်၏ ။

ငါ... ချစ်မိသည်
ငါ ချစ်မိသည်
ယုံကြည်ကြေကွဲ စိုတွဲကိုင်းညွတ်
ပွင့်ဦးဆွတ်ပျံ      စံပယ်နံ့အေး
အဝေးစကား      နှုတ်ဖျားထုံကျဉ်
သခင်... သိပါ ။

ထိုသို့ဖြင့်
ငါနှင့်ကြယ်တို့      ညမြို့ရိုးထက်
သွေးပျက်သီချင်း ဆိုညှင်းဖွဲ့ဝေ
ကြွေခဲ့ကြသည် ။

သြော် ထိုသို့ဖြင့်
ငါနှင့်သခင်       ရာဇ၀င်ပန်း
လွမ်းမှိုင်းဝေရီ   ရွှေလက်ဖ၀ါး
ပါးပြင်ထိအပ်    ခုံမင်တတ်လည်း
တေးမှတ်မိရုံ     ၀တ်မှုန်မြေ့ဆွေး
ဝေးသွားခဲ့လျှင်....
ဝေးသွားခဲ့လျှင်....



                                              တာရာမင်းဝေ

0 comments:

Post a Comment