ဒုက္ခပါပဲ ..
ငြီးညူရင်း မနက်ဖြန်ဟာ ဒီနေ.ဖြစ်လာ
အရောင်ပြယ်နေ.စွဲမှာ လူကိုလူခြင်း မျှား
ကိုယ်တိုင်ရှာမရတဲ့ သဲလွန်စ နဲ.
ဘ၀ကို ရီဆိုင်ကယ် ပုံးကြီးထဲက ပြန်ပြန်ထုတ်နေရ
ပတ်ဝန်းကျင်ရဲ့ ချည်နှောင်ရာ အတိုင်း
ယဉ်ကျေးမှုတွေကောက်ကောက်ပါအောင်လိုက်ကြ
အဖြားယောင်းခံ သမာဓိ ဟာ
တစ်နေ. သုံးခါ လှည့်ဝတ်ရတဲ့ ပုဆိုးလို မမြဲဘူး
ကျင့်သားရ ဗြဟ္မာစိုရ် တရားတွေ
ဆက်သွယ်မှု ဧရိယာပြင်ပ မှာပျော်ပါး
ဖြစ်တည်မှု ခြေသံတိတ် အမှားက
ခန္ဓာပေါ် တစ်ကောင်ကောင် တက်ပြီးယားသလို
ငါ့ ကို ဘယ်သူတွေလာ ဆွတ် နေကြတာလဲ
တရားမဲ့ လမ်းဟာ ဖြောင့်ဖြောင့်လျှောက်နေတယ်။...
ပညာတတ်တွေရဲ့ လေသံကို လိုက်ဖမ်းမိပြီး
ပြန်မပြောနားမထောင် ကျင့်ဝတ်က ရထားလိုအတွဲလိုက်ဝင်လာ
အမှားတွေ အမှန်တရားဟန်ဆောင်ပြတိုက်ထဲ ပြ
အမုန်းဆိုတာကို ငါ့အဓိပ္ပါယ်နဲ.ငါ ထိုးခွဲခဲ့တယ်။...
Sunday, 11 March 2012
ပတ်သက်ရာ ပတ်သက်ကြောင်း ...
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment