Sunday, 26 August 2012

စိုက်ပျိုးလို.မရတဲ့ ငါ ...


ဈေးမဆစ်ပါပဲ
အမှန်တရားကို အရင်းတိုင်းဝယ်တယ်
ငါက ကြက်ခြေခတ်။

 သတ်မှတ်ချက်အပြည့်နဲ.လောင်းချလည်း
ဘ၀က ပုံသွင်းမှုမှားတယ်။...

အခြေခံရဲ့ ရှေ့မှာ ဘာရှိသေးလဲ
သူ သူ ကိုယ်ကို စဉ်းစားတယ်။
မူ...............လ ။....

တစ်လုံးထိုးနဲ. ပစ်ခွင့်မရှိဘူး
တားမြစ်တယ်။...

ငါဟာ ယုံထင်ကြောင်ထင် မွေးဖွားခဲ့လို.
အမှုန်။..........

ရေလောင်းခံရတာကိုများသူက
ဘ၀သစ်လို.ပြော။...
တစ်တောလုံး ခုတ်ပြီးမှ
မြက်ခင်းစိမ်းလေးကို သနားတယ်ဆိုပဲ
သူ.နာမည် ငြိမ်းချမ်းရေး။....

သူတို.လုံးထွေးသတ်ပုတ်ထားတာတွေ
နာမည်ပျက်။.......

ကြွက်ရယ်   ခြင်ရယ် ဒုက္ခပေးမှုမှာ
ငါ့နာမည် မပါသေးဘူး။.

နားက နှစ်ဖက် ပါးစပ်တစ်ပေါက်
ငါ အစွန်း မရောက်ဘူး
ငါပြန်သိတယ်။.......
 တဝေထိုး ပြီးရင်  ငါ့နာမည် ။........

ငါ့ကို ငါပြန်ကြည့်ချိန်
ငါက ငါမဟုတ်အောင်
လူတွေပဲလုပ်ဆောင်တယ်။.....

ငါသွားတော့မယ်။............

                                                     ဘအောင်

0 comments:

Post a Comment