ယနေ.ခေတ်မှာ ဒီမိုကရေစီ ဆိုပြီး စကားလုံးတွေသွင်သွင် သုံးနေကြတော့ ဒီမိုကရေစီဆိုတာ ဘာလဲ
ဂဃနဏ သိနေဖို.တော့ လိုအပ်ပါတယ်။ လူတွေ ပါးစပ်ဖျားမှာပြောပြောနေကြတဲ. ဒီမိုကရေစီဆိုတာ စားလို.ရတဲ့ ပန်းသီး တစ်လုံးမဟုတ်ဘူး။ ခလုတ်နှိပ်လိုက်ရင် စာတန်းထိုးတွေ ထွက်လာတဲ့ ဗွီဒီယို ကားလည်း မဟုတ်ဘူး။ တမြုံ.မြုံ.ငုံပြီးဝါးနေရတဲ့ ကွမ်းယာလည်း မဟုတ်ပါဘူး ဒါဆိုရင် ဒီမိုကရေစီဆိုတာ
ဘာလဲ သိဖို.လိုပြီမဟုတ်လား။ တခါတခါ မိမိ ပတ်ဝန်းကျင်မှာ ဒီလိုစကားလုံးတွေကြားဖူးတတ်လို. ......
"မြန်မာနိုင်ငံက ဒီမိုကရေစီရသွားပြီလေ" ? "ဒီမိုကရေစီနိုင်ငံဖြစ်သွားပြီတဲ့"၊ " ဟို လူကိုဒီမိုကရေစီ
ပေးလိုက်ပြီတဲ့" ? အဲ့လိုအမျိုးမျိုးလူတွေရဲ့ အသံတွေကိုကြားနေခဲ.ရတယ်။ ကြာလာတော့တွေးမိလာတယ်
ဒါဟာလူတွေက ဒီမိုကရေစီဆိုတာကို သေသေချာချာ မသိသေးလို. ဒီလိုတွေပြောနေကြတာပဲ ဆိုတာ သဘောပေါက်လာတယ်။ ဒါနဲ. ကျနော်လည်း နက်ထဲ လိုက်ရှာရင်း ၁၉၅၄ ခုနှစ်က သခင်ဘသောင်းရဲ့
" ဒီမိုကရေစီ ဆိုတာ" စာအုပ်လေးတစ်အုပ်တွေ.လို. ဆိုဒ်ထဲ လာတဲ့ မိတ်ဆွေများဖတ်နိုင်အောင် တင်ပေးလိုက်ပါတယ်။ စာအုပ်လေးကိုဖတ်ဖြစ်သူတိုင်း ဒီမိုကရေစီဆိုတာဘာလဲ၊ ဘယ်လိုလဲ၊ ဘယ်အတွက်ရည်ရွယ်သလဲ ၊ သူ.အနစ်သရကဘာလဲ ဆိုတာ နားလည်သဘောပေါက်နိုင်ပြီး တိုင်းပြည်
ရဲ့ ဒီမိုကရေစီ နိုင်ငံသားကောင်းတွေဖြစ်နိုင်ကြပါစေလို.ဆုတောင်းရင်း..............စာအုပ်လေးကတော့
အောက်က လင့်လေးမှာ ဒေါင်းလုပ် လုပ်သွားနိုင်ပါတယ်။
ဆိုဒ်ကိုအလည်လာသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများပြည့်စုံနိုင်ကြပါစေ။.....
။.. ဘအောင်
0 comments:
Post a Comment