ကျွန်တော်တို့
ဝင်းဒိုးအသစ်တင်တဲ့အခါ firefox ကိုအသစ်ပြန် run ရပါတယ်။ အဲဒီမှာ
ဘာပြဿနာဖြစ်လဲဆိုရင် အရင်က bookmark ထဲမှာ မှတ်ထားတာတွေရှိမနေတော့ပါဘူး ။
အဲဒီကိစ္စကိုဖြေရှင်းဖို့အတွက် firefox ရဲ့ bookmark ကို Export
တင်ပြီးသိမ်းထားရပါမယ်။ Export ဘယ်လိုတင်မလဲဆိုရင် Firefox ရဲ့
အပေါ်ဘားတန်းမှာ History ဆိုတာကို ကလစ်ပေးလိုက်ပါ။ Show all History
ကိုရွေးပါ။ Library box တစ်ခုကျလာပါလိမ့်မယ်။ အဲဒီ Library box ရဲ့ထိပ်မှာ
Input and Backup ဆိုတာကိုကလစ်ပေးပါ။
ပြီးရင် Export HTML ကိုရွေးပါ ။ မိမိနှစ်သက်ရာဖိုင်ထဲမှာ save ထားပါ။ တကယ်လို့ ၀င်ဒိုးပြန်တင်ပြီလို့ firefox အသစ်မှာ bookmark အဟောင်းကိုပြန်ထည့်မယ်ဆိုရင် ခုနကအတိုင်းအဆင့်ဆင့်သွားရပါ့
Bookmarks ဆိုတာကိုဘယ်လိုလုပ်တာလဲဆိုပြီးတချို.မသိသေးတဲ့ သူတွေလည်းတွေ.နေရတော့
Bookmarks လုပ်ပုံလေးလည်းပြောပြပါအုံးမယ်။ အရင်ဆုံး ကိုယ်သုံးနေတဲ့ browser ရဲ့ အပေါ်
ဘားတန်းနားလေးမှာ မောက်ရဲ့ညာခလစ်( right click ) နှိပ်ပြီး Menu Bar ဆိုတာကိုအမှတ်ခြစ်လေး ဖြစ်အောင်လုပ်ထားရပါတယ်။ ဒါမှ Bookmarks ဆိုပြီးပါတဲ့ Menu Bar ကို ကွန်ပျူတာရဲ့ဘယ်ဖက် အပေါ်နားမှာတွေ.ရပါပြီ။ Bookmarks ဆိုတာက ကိုယ်ကြည့်ချင်တဲ့ဆိုဒ် တခုခုကို တခါကြည့်ပြီးရင်နောက်ထပ်ရှာစရာမလိုအောင် အလွယ်တကူမှတ်ထားပေးတာပေါ့။ ဘယ်လို Bookmarks လုပ်မလဲဆိုရင် အရင်ဆုံးကိုယ်အမြဲကြည့်လိုတဲ့ ဆိုဒ်တခုခုကိုဖွင့်ထားပါ ပြီးရင် ဘယ်ဖက် အပေါ်နားကBookmarks ကိုနှိပ်လိုက်ပါ ပေါ်လာတဲ့ထဲက Bookmark This Page ကိုနှိပ်ပါ ဘောက် တစ်ခုကျလာပါမယ်။ကျလာတဲ့ ဘောက်ထဲက Done ကိုနှိပ်လိုက်ရင် Bookmarksလုပ်လို. ပြီးပါပြီ။ နောက်တစ်ခါကြိုယ်နေကျဆိုဒ်ကိုကြည့်ချင်တယ်ဆိုရင်Bookmarks နေရာလေးကိုနှိပ်လိုက် ရုံနဲ.ပေါ်လာတဲ့ စာတွေအောက်မှာကိုယ်ကြည့်တဲ့ဆိုဒ် လိပ်စာလေးရှိနေမှာပါ ဖွင့်ကြည့်လိုက်ရုံပါပဲ။.....
။..... ဘအောင်
0 comments:
Post a Comment