ပထမဆုံးအနေနဲ ဒီလင့် လေးကိုအရင်သွားလိုက်ပါ။ ပြီးရင် ကိုယ့်ရဲ့ Google အကောင့်နဲ့ Sign In ဝင်လိုက်ပါ။ ပြီးရင် URL ဆိုတဲ့နေရာမှာ ကိုယ့်ဆိုဒ်နာမည်ကို ရိုက်ထည့်လိုက်ပါ။ အောက်မှတော့ အပေါ်ကပုံမှာပြထားတဲ့အတိုင်းရိုက်ထည့်ပြီးရင် Submit Request ဆိုတာလေးကိုနှိပ်လိုက်ပါ။
ဒီလိုပြီးရင်တော့ သင့်ရဲ့ Request ဟာ ဂူးဂယ်လ်ဆီကိုရောက်ရှိသွားမှာဖြစ်ပြီး နောက်တစ်ပါတ်လောက်အကြာမှာ သင့်ရဲ့ဆိုဒ်ကို Google မှာရှာဖွေနိုင်ပြီပဲဖြစ်ပါတယ် . . .။
ဒီလိုလုပ်ပြီးတစ်ပါတ်လောက်ကြာပါက Google Search မှာ site:yoursite.com ဆိုပြီးစမ်းသပ်ရှာဖွေနိုင်ပါတယ်။ သင့်ရဲ့ဆိုဒ်မှာရှိတဲ့ Result တွေ ရှာဖွေရာမှာပေါ်လာပြီဆိုရင်တော့ သင်ရဲ့ဆိုဒ်ကို Google မှာ Bookmark လုပ်တာအောင်မြင်သွားပါပြီ။
အားလုံးအဆင်ပြေပြေလုပ်နိုင်ကြပါစေဗျာ . . .။
ကြယ်စင်ချစ်သူ
အွန်လိုင်းပေါ်ကနည်းပညာများ
wine.no2020@gmail.com
0 comments:
Post a Comment