သူ့ အမွှေးရနံ့နှင့် သူ ရူးသွပ်ပြီး
တောကြီးမျက်မည်းမှာ ပြေးလွှားနေရသည့်
ကတိုးကောင်လို
ကျွန်တော်လည်း ပြေးလွှားနေမိ၏။
ထိုညသည် မေလ ညတစ်ညဖြစ်၏။
ပြေညင်းသော လေကလည်း
တောင်အရပ်မှ စီးဝင်တိုက်ခတ်လာ၏။
ဝေ့လည်ဝဲချာပြီး
ကျွန်တော် လမ်းပျောက်သွားတော့သည်။
ကျွန်တော်သည်
မရနိုင်တာကို ရှာဖွေပြီးသည်နောက်
မရှာဖွေတာကို ရရှိခဲ့သည်။
ကျွန်တော့် တစ်ကိုယ်ရေ နှလုံးသားနိမိတ်ပုံများသည်
မြူးတူးခုန်ပါက်နေကြ၏
စူးလက်ပြိုးဝင်းနေခဲ့၏။
ဖမ်းဆုပ်ကိုင်တွယ်ဖို့ ကျွန်တော် ကြိုးစားသော်လည်း
လွတ်ချော် ထွက်မြောက်သွားခဲ့၏။
မှားသောလမ်းသို့ ခေါ်ပို့သည်။
ကျွန်တော်သည် မရနိုင်တာကို ရှာဖွေပြီးသည့်နောက်
မရှာဖွေတာကို ရရှိခဲ့သည်။
တာယာမင်းဝေ
Thursday, 5 January 2012
လူတစ်ယောက်အကြောင်း ၃ (တာရာမင်းဝေ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment