Friday, 6 January 2012

လူတစ်ယောက်အကြောင်း ၄ (တာရာမင်းဝေ)

ချစ်သူကသာ ခွင့်ပြုမည်ဆိုလျှင်
ကျွန်တော့် တေးသွားကို
ရပ်ထားလိုက်ပါမည်။
ချစ်သူ့ နှလုံးအိမ်ကို ရုန်းကစေမည်ဆိုလျှင်
ကျွန်တော့် မျက်လုံးများကို
သူ့ မျက်နှာမှ အဝေးသို့ ဖယ်ခွာပေးပါမည်။
ကျွန်တော် ရှိနေသည့် အတွက်ကြောင့်
ချစ်သူသည် သွားလမ်းမှာ ပင်ပမ်းရသည်ဆိုလျှင်
ဘေးဘီကို ရောက်သည်အထိ
အခြားလမ်းမှ ကျွန်တော် လျှောက်ပါမည်။
ချစ်သူ ပန်းကုံးသီရန်
အနှောင့်အယှက် ဖြစ်ရသည်ဆိုလျှင်
သူ့ ပန်းတောမှ ဝေးရာသို့
ကျွန်တော် ယို့ယိမ်းထွက်ခွာပေးပါမည်။
ချစ်သူ ရေပြင်အလျင်ကို
လှိုင်းတို့ဖြင့် တိမ်းမှောက် ပျို့အန်စေသည်ဆိုလျင်
သူ့ ကမ်းခြေမှ
ကျွန်တော့် လှော်တက်ကို လွှတ်ချလိုက်ပါမည်။


                                               တာရာမင်းဝေ

0 comments:

Post a Comment