Sunday, 8 January 2012

လူတစ်ယောက်အကြောင်း ၉ ( တာရာမင်းဝေ )

အို ဘုရားသခင်
စိတ်အာရုံ အစဉ်တို့၌ စီးဝင်ကာ
လောကကို သင့် ခြေတော်ရင်းမှာ
ထိတွေ့ရပါလို၏။
ကျွန်တော် ဦးနှိမ်ချပါ၏။
အို ဘုရားသခင်
စီးသွယ်ခြင်းမရှိသော မိုးရိပ်များဖြင့်
နိမ့်ဝပ်တွဲခိုသော ဂျူလိုင်တိမ်တစ်ဆုပ်လို
ကျွန်တော့် စိတ်နှလုံးသည် သင့်တံခါးဝတွင်
တွဲခို ရပါလို၏
ကျွန်တော် ဦးနှိမ်ချပါ၏။
အို ဘုရားသခင်
ကျွန်တော့်
ဂီတရစ်သမ် အထပ်ထပ်ကို
တစ်ခုတည်းအဖြစ်
ရုန်းစု သွယ်ဆက်ကာ

တိတ်ဆိတ်သော ပင်လယ်မှာ
စီးပျော် ၀င်ရောက်ရပါလို၏။
ကျွန်တော် ဦးနှိမ်ချပါ၏။
အို ဘုရားသခင်
တောင်ပေါ်မှ
မိမိ အသိုက်ရှိရာသို့
နေ့ရော ညပါ
ပျံသန်း လိုက်ပါလာသည့် ကြိုးကြာအုပ်နှယ်
ကျွန်တော့် ဘ၀သည်လည်း
နားခိုရာဆီ ခရီးဆက်နိုင်ရပါလို၏
ကျွန်တော် ဦးနှိမ်ချပါ၏။
ကျွန်တော် ... ဦးနှိမ်ချပါ၏။

0 comments:

Post a Comment