Thursday, 19 April 2012

စိတ်အံဖတ်

' ကျား' မီးခြစ်ကို
တအားကြီး ဖိခြစ်မိလိုက်တယ်
လက်ဖက်ရည် ခွက်ထဲက
ကမ္ဘာကြီးကို
ငါ သိပ်စိတ်မတွေ.ဘူး ။
သတိထားကြ
ထမင်းပန်းကန်ထဲက အမှန်တရား
ငါ စားပစ်လိုက်ပြီ ။
တစ်ခြမ်းက မှည့်ရွှမ်းအရသာရှိပြီး
တစ်ခြမ်းက စိမ်းနေသေးတဲ့ ကမ္ဘာကြီးဟာ
ငါ ပုံကြမ်းလောင်းထားတဲ့ ပန်းပုရုပ်ကလေးပေါ့။
ဝိညာဉ်တွေကိုဖိနပ်လုပ်ပြီးစီးပစ်မယ်
လူတွေမျက်နှာပေါ်က
ကမ္ဘာကြီးကို ငါမယုံဘူး ။
အငမ်းမရသောက်ခြင်းမျိုးနဲ.
လမင်းကို ငါသောက်ပစ်လိုက်ပြီ
တေးဂီတအားလုံးကိုငါသောက်ပစ်လိုက်ပြီ
မုန်တိုင်းတွေကိုငါသောက်ပစ်လိုက်ပြီ
ကမ္ဘာကြီးကိုလည်းငါသောက်ပစ်လိုက်ပြီ
လေထဲမှာ
ကဗျာဆန်ဆန် ၀ဲနေတဲ့
ဗာဒံရွက်တွေကိုလည်း ငါသောက်ပစ်လိုက်ပြီပေါ့။
ဟောဟိုက
ခုံဖိနပ် တခွပ်ခွပ်နဲ.လမ်းလျှောက်လာတာ
ငါ့အာရုံပေါ့ ။
တွေ.လား
အပင်ပေါ်မှာ ညွတ်အောင်သီးနေတဲ့
ဝင်းဖန်.ဖန်.လိမ္မော်သီးတွေကလည်း
ငါ့ အာရုံပေါ့ ။
ဟို ကတ္တီပါမြက်ခင်းလေးရယ်
ဟို ကောင်မလေးဆိုးထားတဲ့ နုတ်ခမ်းနီရယ်
ငါ့ အာရုံတွေပေါ့ ။
ငါ  ငါ့လက်ထဲမှာ
ငါ့ ဘ၀လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး
ငါ ဦးနှောက်ကထွက်ခဲ့ပြီ
နှလုံးသားအိမ်ကထွက်ခဲ့ပြီ
 အာရုံ ကဖီးက ထွက်ခဲ့ပြီ
အချစ်ရေ ...
နှလုံးသားကိုလေ
ထမီ အဆင်လှလှလေး ရက်ပေးမယ်
လောကဓံတရားတွေကိုတော့
ဖန်ခွက်ထဲမှာ အရက်နဲ. ရောပြီး
' ကိုကို ' မော.ထည့်လိုက်ပြီကွာ ။..........


                                                     မောင်ချောနွယ်

0 comments:

Post a Comment