Saturday, 5 May 2012

သူနဲ. သူ.အထီးကျန်နေ.

တစ်ယောက်ထဲ
အလျားအနံမသိတဲ့ အခန်းကျဉ်းလေးထဲမှာ
ကိုယ်နံ.သင်း အာရုံတစ်ခု အစွဲပြု
မှတ်စုလေးတစ်ခု သူပြုစု ။..

အပေါင်း အနုတ်နဲ. ခေါင်းရှုပ်တဲ့ ကာလကိုမေ့
မနေ.ကအတိုင်း ဘ၀ကို မေးပြော ခေါ်ထူး
အသိရယ် ၊ အရှိရယ် ၊သတိရယ်က
ရင်ကို ခပ်ဆွေးဆွေးတူးဆွ
ထွက်ခြင်းဝင်ခြင်းကို အစိုးမရတဲ့အကြောင်း။..

အသက်ရှင်နေထိုင်ခြင်းက အဟောင်းတန်းတစ်ခုလို
ခပ်ပါးပါးဘ၀ကို ရောင်းတန်းမ၀င်တော့သလိုမျိုး
ပိုင်ဆိုင်မှုဆိတ်ငြိမ်ခြင်းနဲ. သူ.ကိုယ်သူ ပြန်ရှာနေရတဲ့ အိပ်မက်
မနက်နိုးလာတိုင်း အသက်ပြန်ပါလာဖို.တောင် ဆုတောင်းမေ့ခဲ့ရ။..

ခဏသာပါပဲလို.တွေးတယ်
ဆိတ်ကွယ်ရာကအမောတွေကို တိတ်တိတ်လေးရေးတယ်
လောင်းရိပ်မိနေတဲ့ ရင်တွင်းပူကို
ခရုတစ်ကောင်လို အပြင်ကအမာခံတွေနဲ. ကာရံလို.
အတွင်းပိုင်းတစ်နေရာက ချွဲကျိနေရသူလေ။
မြင်ခွင့်ဘယ်တော့မှမရတဲ့ သူ.နောက်ကျောမှာ
ဗလာတွေ၊ နထ္ထိတွေအကြောင်း ကဗျည်းတင်ခံနေရပေမယ့်
သူဟာ  သူ.ဓါတ်စာနဲ.သူ ခရီးနှင်တယ်
ကျော်ခွ စားသုံးခြင်း ပရိယာယ် တွေကြား
ရှင်သန်မှု ပုံစံခွက်ထဲက နေ.စဉ်အမျှားခံနေခဲ့ရ
သူ.သွေးလှည့်ပတ်မှုကြောင့်ကျလာတဲ့ သူ.ချွေးတွေမှာ
ဆွေးတာတွေကပ်ငြိပါလာတတ်သေးတော့
ဒီလိုနဲ. တစ်ယောက်ထဲ
အလျားအနံမသိတဲ့ အခန်းကျဉ်းလေးထဲမှာ
ကိုယ်နံ.သင်း အာရုံတစ်ခု အစွဲပြု
အထီးကျန်ခြင်း မှတ်စုလေးတစ်ခု သူပြုစု နေရပါကြောင်း ။.........


                                 ................။...........။...............
                         


                                   


0 comments:

Post a Comment