Sunday, 13 May 2012

ကြယ်ပြာလေးနဲ. ထမင်းစားပြီးတဲ့နောက်

ဟိုး ခပ်ဝေးဝေး
ကြီးကောင်ဝင်စ အသံလေးမှာ
ပြန်စရာအိမ်မရှိရှာပါဘူး အမေရယ်
ကမ္ဘာမြေကြီးပေါ်မှာ
အကုသိုလ်ပန်းတွေ ဝေပုံကလည်း
အဖူးပေါ် အညွန်.တက်လို.
တပ်မက်စရာပါလား အမေ
သံတရာလေးတေးချင်းတွေက စီစီ
ပုရစ်ကလေးလိုသားကမြည်လို.ပေါ့
တစ်ခါတစ်ရံတော့ အမေရယ်
သား ဘ၀ဟာ
မြေငွေ.ပျံ ညလေးတစ်ညဖြစ်ခဲ့ရတယ်။
သားလေ သူ.ကိုယ်ပိုင်အသီးတွေ
ညွတ်အိလေးလံနေအောင်ထမ်းပိုးထားရပေမယ့်
ပျော်ရှာတဲ့
ကုန်ထမ်းသမား သလဲပင်ကလေးကို
အားကျမိတယ် ။
အမေရယ်
လေတွေထန်နေလေလေ
သားမှာကြေကွဲရလေလေပါပဲ
မိုးဦးအကျစောမယ်ဆိုတာလည်း
တကယ်တော့
လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ညတွေမှာ
မိုးတွေသိပ်ရွာတာပဲ အမေရယ် ။
အမှောင်နဲ. စိုစွတ်
မိုးရေတွေ ရွှဲရွှဲနစ်လို.
အသံတွေတောင်ငုတ်နေခဲ့ပါပြီ အမေ
ဆုံးရှုံးမှုသစ်ရွက်တွေ မရှုမလှနဲ.
ကံဆိုးမိုးမှောင်တောင်ကုန်းပေါ်မှာ
သားဘ၀ရဲ့အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေမသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အမေရဲ့ ။
တကယ်တော့လည်းအမေရယ်
ကဗျာ ဆရာဆိုတာ
ဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာ ။
အမေရယ်
ဟောဒီကမ္ဘာလောကကြီးမှာ
အမေ့သားကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလား အမေ
သားရဲ့အချစ်မှာလေ
ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို.မသေချာတော့ပါဘူး အမေရယ် ။
ခုတော့
တစ်ခြားသူတွေ မမြင်မိတဲ့အသံကလေးကို
ခေါင်းအုံးအိပ်မိလို.
အကြင်နာအမဲ့ဆုံးဆုလဒ်ကို သားရခဲ့ပါတယ် ။
အမေ မသိဘူးလား
လူတွေရဲ့အပြုံးမှာ
ကုန်ဈေးနုန်းတွေပါတယ် အမေရဲ့
ဧည့်ခန်းနဲ. အင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့လူတွေရဲ့ သဘောထားကို
သား တူးတူးခါးခါး မုန်းတယ်အမေ ။
 အမေရယ်
တစ်ခြားသူတွေအတွက်တော့
အရာရာဟာ
လက်တစ်ပစ်စာရယ်ပါ
သားမှာတော့
ယူဇနာသန်းပေါင်းများစွာဝေးကွာလို.
သားလေ
ရေရောထားတဲ့ ညရယ်လို.မရခဲ့ဖူးဘူး
သားရဲ့ ဘီး ကလေးဟာ
ဘယ်လောက်တောင်ပါးလှပ်နေသလဲဆိုတော့
ဆံခြည်မျှင်လေးတစ်မျှင် နင်းမိရင်တောင်
ဘီး ကထပေါက်သွားနိုင်ပါတယ် အမေ ။
အလျှံညီးညီးမီးတောက်မီးလျှံကြီးထဲ
နေ.စဉ်ခုန်ခုန်ချနေရတဲ့ ဘ၀ခရီး
အခမဲ့ညတွေသိပ်ပြီး သိပ်သည်းလွန်းလှ
အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီးကန်သွင်းခံရ
ကျနော် ဘယ်လောက်မှားယွင်းမိသလဲအမေ
အဆုတ်က ကြပ်ခိုးစွဲမီးဖိုချောင်
ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
ရင်ခေါင်းကြီးထဲမီးထထတောက်တာမြင်ရ
အမေရယ်
အတွင်းလူမမာတစ်ယောက်ပါ ။
ဒါပေမယ့်
သစ်သားဘတ်စ်ကားအိုအိုကြီးခိုစီးလို.
ကဗျာဆရာ မာယာကော့စကီးဆိုတဲ့ လူလည်းပါတယ်လေ
လူနဲ.သူနဲ.မတူတဲ့လူလို.
လူတွေသူတွေပြောခံရတဲ့ သားမိတ်ဆွေပေါ့
ဘယ်လောက်တောင်
ကြောက်မက်ဖွယ်ရာပြိုလဲခဲ့ပါသလဲ
ဘယ်တော့များမှ
သမ္မာဒေ၀တွေလက်ထဲရောက်မှာတဲ့လဲ
တစ်ယောက်ကိုတစ်ယောက်မေးရင်းနဲ.ပေါ့
မျက်စိတစ်မှိတ်လျှပ်တစ်ပြက်အတွင်းမှာ
သောမဂြိုလ်တွေ ချောင်းကောဖြစ်သွား
ဘ၀ကိုဖြစ်ညှစ်ကြည့်လိုက်တော့
လိမ္မော်သီးကလေးမှာ
အချိုရည်ကျန်သေးတယ်
အို ...
အသည်းနှလုံးထဲမှာ
ပန်းတွေအရမ်းပွင့်တာပဲ အမေရယ် ။
ကုတ်အင်္ကျီဝတ်ချင်တဲ့ဆောင်းရာသီရယ်
မီးလျှံကင်းမဲ့တဲ့မီးလင်းဖိုကြီးရယ်
နှင်းစက်တွေကို
အသေခံသောက်ချင်တဲ့ မြက်ပင်ကလေးရယ်
လမင်းကို
ပြည့်ပြည့်၀၀တိုက်ရိုက်မမြင်ချင်တဲ့အပြုံးရယ်
အနေအထိုင်မတတ်တဲ့ရေပန်းတိုင်ကလေးရယ်
မိုက်တွင်းနက်နက်ကဗျာပေါ်အချစ်ရယ်
မကြာခဏလူလိမ်ခံရတဲ့
ရင်ထဲကကြယ်ပြာကလေးရယ်
နက္ခမိမိပျော်ချင်ရှာတဲ့
အပျော်လေးရယ်
သားလက်ဖ၀ါးထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထားလို.
တဆတ်ဆတ်တုန်နေတဲ့ သားဘ၀လေးရယ်
အမေ့သားမှာပိုင်ဆိုင်ပါတယ်။...
ထမင်းစစ်စစ် စားချင်တယ်အမေရယ်
အိမ်နံ.မွေးတဲ့ အိပ်ရာစစ်စစ်မှာ အိပ်ချင်တယ်
ခြေထောက်တွေကိုမီးဖိုအငွေ.ပေးချင်တယ်
ဗမာ ပရဆေးသန်.သန်.သောက်ချင်တယ်
ပြီးတော့ ဟောဒီလို
အမေ့မျက်လုံးအရောင်ကိုမွတ်သိပ်ပါတယ်
တေပေလေလွင့်ပြီးပြန်လာတဲ့ သားကို
ကရုဏာသက်မြဲသက်တဲ့အမေ့ အကြည့်လေ
အမေရယ်
အမေ့ဆိပ်ကမ်းမကပ်တာကြာပြီဖြစ်တဲ့
သားသင်္ဘောလေ အမေရဲ့
ကျနော်ရိုးသားခဲ့ပါတယ်အမေ
ဤသို.ပင်ပဲ့တင်ပါလိမ့်မယ်။......


....+...+         ...+...       

ကဗျာဆရာ မောင်ချောနွယ် ရဲ့ကဗျာလေးပါ
  အမေများနေ. အမှတ်တရ  .................။...........

0 comments:

Post a Comment