Monday, 6 August 2012

ခေါင်းစဉ်မရှိ ...

တစ်နေ.တာလုံး ဆိတ်ငြိမ်မှုဟာ ပုန်းချိုးကွယ်ချိုး
သီကုံးစရာ စိတ်ကူး၊ တည်ဆောက်စရာ သီလတွေ ပုဒ်ပြတ်နဲ. အငှားလိုက်နေတဲ့နေ.
မနေ.ကဆိုတဲ့ ဆိုင်းဘုတ် ပရုတ်ဒုက္ခနဲ.၀င်လာပြီး ကဒုတ်ကရက်ပြန်ထွက်သွား
ကဗျာလို.ခေါင်းစဉ်တပ်ထားတဲ့ မြန်မာ စာတန်းထိုးတွေ ပွန်းပဲ.နေတဲ့နေ.။....
နေ.တွေကို ရွှေ.ကြည့်လို.ရရင် ငါ့ကမ္ဘာမှာ ညအ၀ါတွေပဲထားချင်တယ်
စိတ်ထဲကထွက်လာတဲ့ တစ်ဆိပ်တစ်အိတ်ထဲမှာ တစ်ခုခုလုပ်ကြည့်ရမလားဆိုတဲ့မေးခွန်းနဲ.
သူလည်းမမေး ကိုယ်လည်းမဖြေ။.....
က ကြိုးတွေထဲ တုန်ရီမောဟိုက် သံစဉ်ကလေးမှာ
ည၀တ်လွှာလေးကို ရှိုတ်မိ တဲ့တေးတွေ
ခပ်ရေးရေး အလွမ်း သရုပ်ကို ဖမ်းဆုတ်အကြည့်
ဘာသာပြန်မရတဲ့ နှောင်ကြိုးလေးနဲ.
အလွမ်းဖော်ဆေးတွေ အားလုံးထဲမှာ
ငါဟာ ညတွေကိုလမ်းဘေးတစ်နေရာက ဖောက်ဖတ်ကြည့်ခဲ့ရ
ညကမှောင်ပြီး အိပ်မက်ယောင်တာက တိုက်ဆိုင်ကောင်း ဆိုင်နိုင်တယ်
အဆံမဲ.နေရတဲ့ ရာသီလေးကိုမှ မယုံသလို လာလာပြီးလှုပ်ခါချ
တကယ်ဆို လောကထောင်ထဲ ဘ၀ကဟောင်နေတာ
ဒါမှမဟုတ်ကြောင်နေတာ ဒါမှမဟုတ်ရင် ငေါင်နေတာလား
အမှန်က အရာအားလုံးက ပြောင်ကြီး (ပြောင်ချည်း) သက်သက်။......

0 comments:

Post a Comment