ဒီဟာလေးက ဘာဆော့ဝဲလ် မှ အင်စတောလုပ် စရာမလိုဘဲ facebook ထဲမှာ .. vzo chatting လိုမျိုး vdo ချက်လို.ရတဲ့ application တစ်ခုပါ။ အဲ့ဒီapplication မှာဝင်ရောက်နေတဲ့ သူတွေကိုလည်း ချက်နိုင်သလို ကိုယ့် အကောင့်ထဲက friends တွေကိုလည်း invite လုပ်ပြီးချက်နိုင်ပါတယ်။ ကိုယ် inviteလုပ်လိုက်တဲ့ ကိုယ်နဲ. ချက်မယ့် လူ ကလည်းအဲ့ဒီထဲကိုဝင်ရပါမယ် ။ facebook ကနေသုံးရမှာ ဆိုတော့ facebook အကောင့်ကိုတော့ဖွင့်ထားပေါ့။ပြီးတော့ wedcam လိုပါတယ်။ application ထဲ ၀င်ရတဲ့ဟာလေးကိုတော့ ကျနော် ပုံလေးနဲ.ရှင်းပြပါမယ်။အရင်ဆုံး ဒီနေရာ လေးကိုသွားလိုက်ပါ။ အသစ်ဝင်တာဆိုရင် Application ဆိုတာကိုအရင်နှိပ်လိုပ်ပါ။အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်။....
အဲ့လိုပုံပေါ်လာတာနဲ. နံပါတ် ၁ ပြထားတဲ့ allow ရှေ့က အ၀ိုင်းလေးထဲကို အစက်လေးမည်းသွားအောင် တစ်ချက်နှိပ်ပါ။ ပြီးရင် ၂ နေရာက close ကိုနှိပ်ပြီးပိတ်လိုက်ပါ။ နောက်ထပ်ပေါ်လာတဲ့ထဲကဘောက်
လေးထဲ မှာ start chatting ဆိုတာလေး ကိုနှိပ်ပြီးချက်ဘောက်ထဲရောက်ပါပြီ။..
ချက်ပုံ ချက်နည်းလေး ပြောပြပါမယ်။ start chatting ကိုနှိပ်ပြီးတာနဲ. အဲ့ဒီ application ထဲ ၀င်သုံးနေသူ
တွေ တစ်ယောက်ပြီး တစ်ယောက် တက်လာတာကို တွေ.ရမှာပါ။ ကြည့်နေလိုလည်းရပါတယ်။
မကြည့်ချင်ရင်တော့ အပေါ်ပုံရဲ့ new chat နေရာမှာ next chat ဆိုပြီးပေါ်နေပါတယ် အဲ့ဒီကနှိပ်ပြီး
ကျော်သွားလို.ရပါတယ်။ လူတွေကတော့ တစ်ယောက်ပြီးတစ်ယောက်တက်လာနေပါတယ်။ ကိုယ့် အကောင့်ထဲက friends တွေနဲ.ချက်မယ်ဆိုရင် ညာဖက်မှာ online ဖြစ်နေတာတွေကို တွေ.ရမှာပါ။
ကိုယ်ခေါ်ချင်တဲ့ သူ ( online ဖြစ်နေသူ ) တစ်ချက် ခလစ်လိုက်ရင် သူ.ချက်ဘောက်ထဲကိုအင်ဗိုက်ရောက် သွားပါလိမ့်မယ်။ တစ်ဖက်လူ ကလည်း ဒီ application ထဲဝင်လာပြီး ကိုယ်နဲ. vdo ချက်လို.ရပါပြီ။
အောက်ကပုံကတော့ တစ်ယောက်နဲ. တစ်ယောက်ချက်ရင်း စနှောက်လို.ရတဲ့ ပုံကလေးတွေပါ ပုံလေးတစ်ခုကို နှိပ်လိုက်ရင် ကိုယ်နှိပ်တဲ့ ဟာက တစ်ဖက်က လူဆီ သွားပေါ်ပါတယ် စနှောက်တဲ့ ဟာ
လေးပေါ့နော်။
ကိုယ့်ရဲ့ fb ကိုပြန်သွားချင်တယ်ဆိုရင်တော့ home တို.ဘာတို.ကိုနှိပ်ပြီးပြန်သွားနိုင်ပါတယ်။ ပြီးပါပြီ။..
facebook က vdo ချက်နည်းကို မသိသေးသူတွေ အတွက်လောက်သာပါနော် သိတဲ့ လူတွေတော့ ကျော်လိုက်ပေါ့။...:) application က People Roulette တစ်ခါသုံးပြီးရင် ကိုယ့်ရဲ့
facebook က home စာမျက်နှာ ဘယ်ဖက်ခြမ်းမှာပေါ်နေပါတယ် အသုံးပြုမယ်ဆို အဲ့ဒီပေါ်နေတဲ့
People Roulette ဆိုတာလေးကိုနှိပ်ပြီး allow လုပ်ဝင်သုံးလို.ရပါပြီ။............
....ဘအောင် .............
0 comments:
Post a Comment