Friday 15 March 2013

မနက်ခင်း သြ၀ါဒ ( သစ္စာနီ )

တိမ်တွေကိုကြည့်ပါ
လယ်ကွင်းတွေကိုကြည့်ပါ
ပြုတင်းပေါက်ရှိတဲ့အိမ်မှာနေပါ။...

လက်ဖက်ရည်ဆိုင်ထိုင်ပါ
ဘ၀ကိုတစ်ငုံစီသောက်ပါ
သီချင်းတွေနဲ. ရန်မဖြစ်ပါနဲ.။...

ဖြတ်သွားဖြတ်လာတွေကိုငေးမော
ရာဇ၀င်ကိုငေးမော
မိမိကိုယ်မိမိငေးမောပေါ့။...

နေရောင်ခြည်နောက်ကျတတ်တယ်
သတင်းစာနောက်ကျတတ်တယ်
ချိန်းထားတဲ့ သူဟာလည်း
နောက်ကျတတ်တာပါပဲ။...

                              သစ္စာနီ

0 comments:

Post a Comment