Saturday 16 March 2013

ကဗျာသက်သက် ( သစ္စာနီ )



ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
တစ်ခုခုကို ခံစားဖို့
ဒါဟာ
အသင့်ဖျော်သောက်နိုင်တဲ့ကော်ဖီတစ်ခွက်
အပန်းဖြေကမ်းခြေရှုမျှော်ခင်း
ဆောင်းခိုငှက်တွေရဲ့ သီချင်းသံ
အပျိုစင်တစ်ယောက်ရဲ့ ကိုယ်သင်းနံ့မဟုတ်ပါဘူး
ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
တစ်ခုခုကိုခင်ဗျားနားလည်ဖို့
ဒါဟာ
ပုတ္တောဝါဒဆုံးမစာ
ပါလက်စတိုင်းအရေးအခင်း
ရီလေးတစ်ဗီတီသီအိုရီ
ရုပ်မြင်သံကြားစက်ပြင်နည်း
မဟုတ်ပါဘူး
ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
တစ်ခုခုကိုခင်ဗျားမျှော်လင့်ဖို့
ဒါဟာ
ကံစမ်းမဲပါတဲ့ ဝီစကီပုလင်း
ကောင်မလေးခေါ်မယ့်တယ်လီဖုန်း
အခွံမနွှာရသေးတဲ့ လိမ္မော်သီး
မိုးလေဝသခန့်မှန်းချက်
မဟုတ်ပါဘူး
ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
ကဗျာသက်သက်ဆိုတာ
ကဗျာသက်သက်ပါပဲ။

သစ္စာနီ

source: poemcrazy

0 comments:

Post a Comment